Honjo International Scholarship Foundation ၏ ပညာသင်ဆုခေါ်ယူခြင်း
🌸Honjo International Scholarship Foundation🌸 Guideline of the Application for Foreign Students’ Scholarship in 2021 Application Period: April 1 ~May 5, 2021 1. ဤပညာသင်ဆုသည် ဂျပန်နိုင်ငံရှိဘွဲ့လွန်အတန်းတွင် တက်ရောက်မည့် နိုင်ငံခြားသားပညာတော်သင်ကျောင်းသားများအတွက် ရည်ရွယ်သောပညာသင်ဆုဖြစ်ပါသည်။ 2. 2021ခုနှစ်စက်တင်ဘာလပိုင်းတွင် စတင်ပေးမည်ဖြစ်ပါသည်။ 3. ပညာသင်ဆုကြေးကို ပြန်ပေးရန်မလိုအပ်ပါ။ 4. အောက်ပါငွေပမာဏအတိုင်းပေးမည်ဖြစ်ပါသည်။ (1) ¥200,000 per month for1 or 2 years (2) ¥180,000 per month for 3 years (3) ¥150,000 per month for 4 or 5 years ***သတိပြုရန်မှာ ပညာသင်နှစ် တစ်နှစ်အောက်သာကျန်ရှိသူသည် လျှောက်ထား၍ရမည်မဟုတ်ပါ။ 5. ထို့အပြင် International Conference များတက်ရောက်ရန် ကုန်ကျစရိတ်ကို ပညာသင်ဆုထောက်ပံ့သည့်စည်းမျဉ်းအပေါ်အခြေခံ၍ ပေးမည်ဖြစ်ပါသည်။ 6. ဤပညာသင်ဆုကိုလက်ခံထားသူများသည် အခြားပညာသင်ဆုကို လက်ခံ၍မရပါ။ 7. ဤပညာသင်ဆုလက်ခံထားချိန်ကာလအတွင်းတွင် အချိန်ပိုင်းအလုပ် လုပ်ကိုင်ခွင့်မပြုပါ။ သို့ရာတွင် teaching assistant၊ research assistant စသည့် တက္ကသိုလ်၊ သုတေသနနှင့်သက်ဆိုင်သောအလုပ်များနှင့် international exchange affairs နှင့်ဆက်စပ်သည်များတွင် ခေတ္တခဏဘာသာပြန်၊ စကားပြန်လုပ်ဆောင်ခြင်းများကိုခွင့်ပြုပါသည်။ 8. ဤပညာသင်ဆုလက်ခံထားချိန်ကာလအတွင်းတွင် လစဉ် တစ်ဦးချင်းအင်တာဗျူးအပြင် အဖွဲ့အစည်းမှကျင်းပသော Events များကို ပါဝင်စေလိုပါသည်။ 9. ဘွဲ့လွန်အတန်းပြီးမြောက်ပြီးနောက်ပိုင်းတွင် Alumni events များကိုတက်ရောက်စေလိုပါသည်။ လိုအပ်သည့်အချက်များ (အောက်ပါအချက်အားလုံးနှင့်ကိုက်ညီရမည်။) 1. ဂျပန်နိုင်ငံသားမဟုတ်သူဖြစ်ရပါမည်။ 2. 2021ခုနှစ် စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ကျောင်းဝင်ရန် ရည်ရွယ်ထားသူ။ 3. Professional Graduate School တက်ရောက်သူများကို စည်းမျဉ်းအရလျှောက်ထားခွင့်မပြုသော်လည်း၊ သုတေသနအစီအစဉ် (Research Plan) ကို တင်နိုင်သည့်အခြေအနေဆိုပါက လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ 4. ပညာသင်နှစ် ၁၂လအထက် ကျန်ရှိသူ။ 5. PhD Program ဆိုလျှင် အသက် ၃၅ နှစ်အောက်။Master’s Program ဆိုလျှင် အသက် ၃၀ နှစ်အောက်။ 6. ဘွဲ့လွန်အတန်းပြီးမြောက်ပြီးနောက် မိမိတိုင်းပြည်တွင် ပြန်လည်အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိသူ။ 7. Foundationမှ ကျင်းပသည့် ပွဲများကို တက်ရောက်နိုင်သူ။ 8. ဂျပန်ဘာသာစကားကို နေ့စဉ်စကား အဖြစ် ပြောဆိုနိုင်သူ။ (အင်တာဗျူးကို ဂျပန်ဘာသာဖြင့်ပြုလုပ်မည်ဖြစ်ပါသည်။) လျှောက်ထားရန်နည်းလမ်းများ 1. Web Application System (https://entry.hisf.or.jp) ထဲသို့ဝင်ရောက်ပြီး လိုအပ်သောအချက်အလက်များကို ဖြည့်သွင်းခြင်းနှင့် လိုအပ်သောစာရွက်စာတမ်းများကို Upload လုပ်ပါ။ 2. ဖြည့်သွင်းခြင်းအောင်မြင်ပါက application number ပြန်လည်ရရှိပါမည်။ အောင်မြင်သည့်ကျောင်းသား၏နံပါတ်ကို ဝက်ဘ်ဆိုဒ််စာမျက်နှာတွင်ပြန်လည်ကြေညာမည်ဖြစ်ပါသည်။ အသေးစိတ်ကို အောက်ပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Guidelines: https://www.hisf.or.jp/wp/wp-content/uploads/2021/02/2021_Fall_bosyuyoukou_foreigner-1.pdf Website: https://www.hisf.or.jp/en/scholarship/foreigner/ Inquiries to: info@hisf.or.jp
